Monday, May 18, 2009

ညနေခင်းရဲ့လေပြေထဲမှာ...

ဆံပင်တွေ ဆံပင်တွေ ရေချိုးခန်းထဲမှာ။ ဆံပင်တွေ ဆံပင်တွေ မှန်တင်ခုံရှေ့မှာ။ ဆံပင် တွေ အိပ်ယာပေါ်မှာ။ အိုး နေရာတကာ ဆံပင်တွေ မြင်ရင်ကို စိတ်တွေကို ရှုပ်တာ။ မုန်းစရာကောင်းတာ။ ဒီရောက်တည်းက ကျွတ်လိုက်တဲ့ ဆံပင်။ လှည်းလိုက်ရတဲ့ ကြမ်း။ ခေါင်းလျှော်ပြီး ရေများသုတ်ပြီးရင် မျက်နှာသာ ဘာမှမတင် ရှိရမယ်။ ကြမ်းတော့ အရင် လှည်းပဲ။ မဟုတ်ရင် အော့ချင်လွန်းလို့။ ဆံပင်ဆိုတာ များကလည်း ခေါင်းပေါ်သာ လှတာ။ တခြားနေရာရောက်တော့ အတော်ရွံစရာကောင်းတာတော့။

အရင်လို အတိုလေး ယောက်ျားဆံပင်သာ ပြန်ထားချင်တော့တာ။ စိတ်ကလည်း မရှည်တတ်။ ကျောလယ်ကျော်နေတဲ့ ဒီဆံပင်ဟာ အိမ်ကလူကြောင့်ပေါ့။ တသက်လုံး ရည်းစားမထားခင် တလျှောက်လုံး ကိုယ့်ဟာကို တိုတိုအေးအေးပဲ။ သူ့ကြောင့် သူ့ကြောင့် "ညနေခင်းရဲ့လေပြေထဲမှာဘာညာ"၊"ကိုယ်ကတော့ အရှည်လေး ထားစေချင်တာ။ အတိုထားချင်လည်း သဘောပါ ဘာညာ" ညောင်ညောင်လည်း လုပ်ရော။ ဒေါ်ရွှေအိတို့ကလည်း ခပ်ပြတ်ပြတ်ပဲ။ အဲဒိကတည်းကကို မညှပ်တာ ခုကျောလည်ကို ရောက်တဲ့ထိပဲ။

ဒါပေမယ့် ခုတလော အရမ်းပူတော့ ခေါင်းချွေးတွေ တအားထွက်တာတမျိုး၊ ဟင်းချက်လို့ ခေါင်းကိုပေါင်းထားလည်း ချွေးထွက်တာက တမျိုးနဲ့ ခေါင်းက မကြာခဏလျှော်ရတော့ ဒီဆံပင်ရှည်တွေ မုန်းကိုလာတာ။ သူအိမ်မှာရှိနေရင်တော့ ကူသုတ်ပေး ကူခြောက်ပေး ဆိုတော့ မထောင်းသာဘူး။ မနက်ဘက် ရုံးမသွားခင် လျှော်ရရင်တော့ သေချင်စော်နံအောင်ကို စိတ်ရှုတ်ရတယ်။

ကလိုရင်းခပ်ထားတဲ့ စင်ကာပူဝါးတား နှိပ်စက်တာများ ကိုယ့်ဆံပင်အတော်သန်လို့သာ ကျွတ်ချက်ကတော့။ ငါ့ခေါင်းပေါ်တောင် ဆံပင်ကျန်ရဲ့လား စမ်းကြည့်ရတဲ့အထိပဲ။ ဘာခေါင်းလျှော်ရည် ပြောင်းသုံးသုံးကို မရဘူး။ စိတ်မရှည်လို့ ဘီးနဲ့ တအားဖြီးပစ်တာလည်း ပါတာပေါ့လေ။ ခုတလောတော့ စိတ်တွေ အိုက်အားကြီးလို့ ကိုယ့်ဆံပင် ကိုယ်ကပ်ကျေးနဲ့ ကိုက်ချင်စိတ် ပေါက်ပေါက်လာတာ။

တခါတလေကျလည်း မိန်းမတွေကျ ဘာလို့ ဆံပင်ရှည်ထားရပြီး သူတို့ယောက်ျားတွေကျ အေးအေးနေရပါလိမ့်လို့ ဒီတလောကလုံး အရိုးစွဲနေတဲ့ အယူအဆကြီးကို အမြင်ကပ်လာမိတယ်။ ဟွန်း။

10 comments:

  1. ဒီတစ်ညတော့ မအိပ်ဘူးလို့များ မျက်လုံးပြူးထားလားမသိ။
    စင်ကာပူမှာ ဆံပင်ကျွတ်တာ တကယ်ပဲ။ နဂိုက ပြောင်းဖူးမွှေး..
    အကုတ်မကျွတ်တာ..ကံကောင်းလို့။
    အဲ..ဘလော့ဂ်တစ်ခုလုံး ကျုပ်လက်ချက်တွေချည်းပါလား။
    ဆင်ခြင်မှ...လူမျက်စိနောက်တော့မယ်။ အဟီး

    ReplyDelete
  2. အင်းနော်... ကျွတ်လိုက်တဲ့ဆံပင်တွေ...မျက်စိအောက်က ပျောက်ကိုမပျောက်ဘူး။ တစ်နေ့လောက်များမရှင်းဘဲထားလိုက်ရင် လူတောင်နေစရာနေရာ ကျန်ပါ့မလားမသိ ။

    ReplyDelete
  3. အို တို့လိုအတိုတွေလဲ ကျွတ်သကွဲ့။ အိမ်မှာဆို ကျွတ်လွန်းလို့ ဘယ်သူ့ဆီက အများဆုံးကျွတ်သလဲ DNA စစ်မယ်ဆိုပြီးတော့တောင် စနောက်နေကြတာ။

    ReplyDelete
  4. မမွန်,
    မမွန်ကလည်း မမွန်မှ အားမပေးရင် အိဘလော့ခ်လေး သနားပါတယ် ပစ်တော့မထားပါနဲ့။

    Thant,
    ဟုတ်တယ် ခြေသလုံးမြုပ်သွားရင် ဒုက္ခ။

    MrDBA,
    ဘ၀တူချင်းပဲကိုး။ ဒါပေမယ့် အကိုကလည်း အတိုကျွတ်တော့ တော်တာပေါ့။ လှည်းရလွယ်တယ်လေ။ အိဆို ဘိုကေနဲု့တုန်းက နေ့တိုင်း ခေါင်းလောင်းချိုးပစ်တာ မိုက်တယ်။

    ReplyDelete
  5. တူတူဘဲဒေါ်ရွှေအိရေ...
    အိမ်ကလူလည်းအဲဒီလိုဘဲ။
    ယောကျာ်းလေးတွေများနော်။ဘာလို့ဆံပင်ရှည်ကြိုက်ကြရတာတုန်း။
    ဆံပင်ကျွတ်ချက်ကတော့လက်လန်တယ်ဆရာ.

    ReplyDelete
  6. အော်.. အရင်နေရာလေးမှာ ဖတ်နေကျ၊ အသစ်မတင်တော့ဘူး ထင်တာ၊ အခုမှ သိတယ်

    ReplyDelete
  7. ဟုတ်တယ် ညီမအစက ဆို ဆံပင် ထူလွန်းလို့ ၂လတခါ အတွင်းထဲက ပါးပေးရတယ်..ခုတော့ မလိုတော့ဘူး..လူကလဲ ဝလာလိုက်တာ ဟိုဟာလားလာမေးရင် သိပ်စိတ်တိုတယ်..

    ReplyDelete
  8. အမကတော့ လိုချင်နေတာ အရူးအမူးပဲ။ ကိုယ့်ဘာသာကိုယ် ဂါဝန်တွေ ၀ယ်မိရင် စီမံကိန်း ဒီဇိုင်းတွေပဲ ဖြစ်ဖြစ်နေတယ်။

    ReplyDelete
  9. ပန်းပွင့်လေးတွေ ရှက်သွေးဖြာ
    ကျေးငှက်ကလေးတွေ တေးမဆိုတော့ပါ...
    ဟိုမှာမျက်ခင်းစိမ်းများ ဦးညွှတ်လို့...

    ညွှတ်မညွှတ်တော့မသိဘူး... စိမ်းမှစိမ်း... ထောင်မှထောင်ပဲ... မြက်ပင်လယ်...

းဝ)

    ReplyDelete
  10. ဟုတ်ပါ့ မမီးချစ် ဒီမှာ http://meemeechit.blogspot.com/2009/08/blog-post_16.html ရေးထားတယ် အစ်မ ဗီတာမင် အီး လိမ်းတဲ့

    ReplyDelete