Friday, May 15, 2009

ဖွင့်ပွဲ

သောကြာနေ့ညကို ဆင်နွှဲရင်း ပို့စ်တ်အသစ်လေးတင်ရင်း သူများဘလော့ဂ်လေး လျှောက်ဖတ်ရင်း မုန့်ဟင်းခါးလေး စားချင်လာတာနဲ့ (ဘာမှတော့ မဆိုင်ဘူး) ၀ယ်ထားပြီးသား ခင်ထွေးရီ အထုပ်လေး မြန်မြန်ပြေးချက်၊ အိမ်မှာရှိတဲ့ ငါးလေးကို ငံပြာရည်လေးနဲ့ နည်းနည်းထပ်ပြုတ်ထည့်၊ စပါးလင်အစစ်လေး နည်းနည်းထုထည့် ၊ကြက်ဥလေးပြုတ်ထည့်၊ ပဲစဉ်းငုံလေး မြန်မြန်ပြုတ်ထည့် (မြန်မြန်ကျက်လို့ ပဲမှုန့်ဆန်မှုန့်တွေနဲ့ မကြိုက်တတ်လို့) တက်သုတ်ရိုက်လေး ညတွင်းချင်းချက်နေတယ်။

ချက်ရင်း စာလေးပြေးရိုက်ရင်း မုန့်ဖတ်ခြောက်လေးလည်း ပြုတ်ရသေးတယ်။ မအားရှာတာ သနားစရာ။ ဒါပေမယ့် ကျက်သွားတော့ ကျိုက္ကဆံ အိုင်အယ်လ်ဘီစီနားက သံလမ်းမုန့်ဟင်းခါးနဲ့ မထင်မှတ်ပဲ သွားတူတယ်။ ကြိုက်တယ် ကြိုက်တယ် အဲဒိဗားရှင်းလည်း စားကောင်းတာပဲ။ ညဘက်ဆိုတော့ တပန်းကန်နဲ့ ဟင်းရည်လေးသောက် စာလေးဆက်ရေး နေသာထိုင်သာ ရှိသွားပြီလေ။

ဓာတ်ပုံ ရိုက်ခါနီးတော့ ကိုယ့်ပန်းကန်လေး ကိုယ်ကြည့်ပြီး သနားသွားတယ်။ ဟီးဟီး သူများတွေ အစားအသောက် ပျက်တော့မှာပဲ။ ဘာမှလည်းမပါဘူး။ အကြော်လည်း မပါ၊ နံနံပင်လည်း မပါ။ စားလို့ကောင်းပါတယ်။ လှတော့လည်း မလှဘူးကွယ်။

3 comments:

  1. စားလို့ကောင်းဘို့သာအဓိကပါကွယ်...စားလို့ကောင်းမဲ့ပုံဘဲ :P

    ReplyDelete
  2. မုန့်ဟင်းခါး ဆိုရင် ပြီးရော စားချင်လာပြီနော်

    ReplyDelete
  3. ဘလော့ အစ အဆုံး ဖတ်ကောင်းကောင်းနဲ့ကို ဖတ်သွားပါတယ်.... စာရေး တကယ်ကောင်းသူပါပဲ......

    ReplyDelete