Sunday, June 27, 2010

ပိန်အောင်လုပ်မယ် ပိန်ချင်တယ်...

ခုတလောတော့ စားလည်း ဒီစိတ်ကွယ် သွားလည်း ဒီစိတ်ကွယ် ဖြစ်နေတယ်။ ပိန်ချင်တယ် ပိန်ချင်တယ် ပိန်ချင်တယ် ဆယ်ပိုင်းပိုင်းရင် ဆယ့်ခြောက်ပိုင်းလောက် သေနေပါပြီကွယ် ပိန်ချင်တာ။

အလွန်နှစ်သက်တဲ့ အစားအသောက် Blog တွေလည်း လုံးဝနီးပါး သံယောဇဉ် ဖြတ်ထားတယ်။ ကျန်းမာရေး မထိခိုက်ရင် ပြီးရော ပိန်ဆေး မသောက်ဖြစ်ရင် ပြီးရော မဖြစ်ဖြစ်တဲ့နည်းနဲ့ ပိန်အောင် လုပ်မယ် စိတ်ကူးတယ်။ ပိန်ဆေးသောက်ပြီး ပိန်ဖို့ ကြံစည်ဘူးတယ် လူက အားနည်းသွားတယ်။ အလုပ်မဖြစ်ဘူး။

ညနေစာကို ခုနှစ်နာရီ မထိုးခင် မရအရ စားတယ်။ စားနေရင်းနဲ့ ငါဗိုက်အရမ်းတင်းနေပြီ စားမ၀င်တော့ဘူး စားမ၀င်တော့ဘူး လုပ်တယ်။ ဒီက ထမင်းဆိုင်တွေက ရောင်းတဲ့ အရသာမရှိတဲ့ ငါးဟင်းချိုနဲ့ ထမင်းစားတယ်။ ထမင်းပန်းကန်လုံးကို တ၀က် ပြန်လျှော့ခိုင်းတယ်။ ဟင်းချိုကိုပဲ မကုန်ကုန်အောင် ဖြစ်ညှစ်သောက်တယ်။ ညသိပ်နက်သွားလို့ ဗိုက်ပြန်ဆာရင် တတ်နိုင်သမျှ မစားဘူး။ အိပ်မပျော်ရင် ငှက်ပျောသီး တစ်လုံးစား ရေသောက်တယ်။ မအိပ်ရင် နောက်နေ့ ပိုစားချင်သောက်ချင် ဖြစ်တယ်ဆိုလို့ ညကို စောစောအိပ်တယ်။ လမ်းလျှောက်ထားရင် ပိုအိပ်ပျော်တယ်။

ထမင်းကို နည်းနည်း အရွက်များများစားတယ်။ အတူတူပါပဲ ဗိုက်ဝတာပဲ။ ဟင်းချိုနဲ့ ထမင်းဖြူကို ပိုစားဖြစ်တယ်။ ကိတ်မုန့် ရေခဲမုန့်လုံးဝ မစားတော့ဘူး။ အာလူးကြော် မစားဘူး။ ကွတ်ကီးမစားဘူး။ အချိုရည်မသောက်ဘူး။ ကော်ဖီကို ကော်ပီအိုရှူးတိုင် သောက်တယ်။ ကော်ဖီကြမ်းကို သကြားလျှော့ခိုင်းတာ။

ညတိုင်း နာရီဝက်လောက် မဖြစ်မနေလမ်းလျှောက်တယ်။ မစားတော့လည်း မစားပဲ နေနိုင်လာတယ်။ အသည်းအသန်ကြီး ဆာလောင်မနေဘူး။ နို့ပါမသောက်တော့ဘူး။ ဒိန်ချဉ်သောက်တယ်။ မနက်စာကို Mr.Bean ကပဲနို့သောက်ရင် ပုလဲ မထည့်ခိုင်းတော့ဘူး။ ဗိုက်နည်းနည်းကျသွားတယ်။ လူက ပိုပေါ့ပါးတယ်။ ကိုယ့်ကိုကိုယ် မှန်ထဲမှာ ကြည့်ရင် စိတ်ချမ်းသာတယ်။ ပစ်ထားရတဲ့ အ၀တ်တွေ ပြန်ဝတ်လို့ရတယ်။ ဂျင်းဘောင်းဘီ ပြန်ဝတ်နိုင်တယ်။

ဗိုက်ခေါက်ကတော့ ရှိတုန်းပဲ ဒါပေမယ့် နည်းနည်း ဖုံးလို့ ဖိလို့ရလာပြီ။ အလေးချိန်ကတော့ သိသိသာသာမကျဘူး။ လေ့ကျင့်ခန်း လုပ်ရင် ကြွက်သားက အဆီထက်လေးလို့ အလေးချိန်မကျဘူးထင်ရတယ် ဆိုတဲ့ စကားကို ကိုးကားပြီး ဖြေသိမ့်တယ်။ ဒါပေမယ့် BMI ကိုပုံမှန် Range ထဲ ပြန်ဝင်အောင် နောက်ထပ် ခြောက်ကီလိုလောက် ကျဖို့လိုသေးတယ်။

အိမ်နားက ပန်းခြံက လှေကားကို တက်လိုက်ဆင်းလိုက်လုပ်တယ်။ အရင်က သိပ်ပင်ပန်းတယ် ထင်တယ်။ စိတ်ဆောင်လို့လား မသိ။ ခုတော့ ဆယ်ခေါက်လောက်တော့ တက်နိုင်ဆင်းနိုင်တယ်။ ရောဂါ ရောဂါ အတော်သည်းနေတယ်။

Waka Waka ကြည့်ပြီး သူ့လောက် ကိုယ်လုံး မလှနိုင်တော့ရင်တောင်မှ ဒီရုပ်ဒီရည်ကြီးတော့ မဖြစ်သင့်ဘူးလို့ ကိုယ့်ကိုကိုယ် ကြိမ်းမောင်းတယ်။ မှန်ထဲမှာ ကိုယ့်ကိုယ်ကို ကြည့်ပြီး စိတ်ဆင်းရဲ ခံနေမယ့် အစားတော့ တခုခုလုပ်ဖို့ သင့်ပြီ စဉ်းစားတယ်။ ကျန်းမာရေးလည်း အရေးကြီးသေးတယ်။

သူငယ်ချင်းကပြောတယ်။ ယောက်ျားနောက်မိန်းမယူရင် အဲဒါတွေတောင် လုပ်စရာ မလိုဘူး အလိုလိုကျတယ်တဲ့။ သူပြောမှ သံဝေဂရသွားတယ်။ အဲလိုများဆိုရင် ငါဦးအောင် ယူလို့ရအောင် ပိန်အောင် အရင်လုပ်ထားသင့်တယ်လို့ ဟဲဟဲ။ အဂျစ်ကို ရှေ့လ သူ့မွေးနေ့ မတိုင်ခင် မွေးနေ့ လက်ဆောင်အဖြစ် ပိန်အောင် လုပ်မယ်ပြောထားတယ်။ ချောင်ထိုးအ၀တ်တွေလည်း ပြန်တော် ပိုက်ဆံလည်း မကုန် အဟက်ဟက် အကြံမပိုင်လား။

10 comments:

  1. ကောင်းလိုက်တဲ့အကြံ... ကြိုးစားထား ညီမလေးရေ.... ညီမလေးအောင်မြင်ရင် အကိုနောက်က လိုက်မယ်....
    ဟားဟားဟား

    ReplyDelete
  2. ကျားယို ကျားယို...

    ReplyDelete
  3. ;) ဒီမှာလည်း ဒီလိုပါပဲ။ စိတ်ပါလိုက် လုပ်လိုက်.. မအားတာကို အကြောင်းပြလိုက် မလုပ်ဖြစ်လိုက် ပြန်တက်လိုက်နဲ့။ မတွေ့တာကြာလို့ သတိရနေတာ။ သူကဖြင့် အခုမှပေါ်လာတယ်။

    ReplyDelete
  4. အဟီး အပျင်းထူနေတာ။ စာပဲ ဖတ်ဖြစ်နေတယ်။ တနေ့ နာရီဝက်လောက်တော့ တီဗီရှေ့ဖြစ်ဖြစ် လုပ်မယ် စိတ်ကူးတယ် အမရယ်။

    ReplyDelete
  5. ဒီဘက်လာလုပ်ပါ အားကျချင်လို့...

    ReplyDelete
  6. လုပ်လိုက်လေ အမ။ အတူတူပေါ့။

    ReplyDelete
  7. ရေများများသောက်ရင် ပိန်တယ်တဲ့ အစ်မ..
    (အကြံပေးကြည့်တာပါ)

    ReplyDelete
  8. ရေသောက်တာ အစာချေတာကို အထောက်အကူ ပြုတယ်။ အများကြီးသောက်ရင်တော့ ဗိုက်ပူတယ်တဲ့။ (ဒေါ်) နန်းအိအိဇာ အမေးအဖြေတခုထဲမှာ ဖတ်ဖူးတာပါ ညီမလေးရေ။

    မေးစရာလေး ရှိလို့ ဖြေပေးပါနော်။ လူတစ်ယောက်က ကိုယ်ကတော့ ပိန်ပါတယ်။ ဗိုက်မှာ အဆီတွေ ရှိနေလို့ ဘယ်လိုလေ့ကျင့်ခန်းမျိုး လုပ်ရမလဲ သိချင်ပါတယ်။ဖြေပေးပါနော်။
    မူမူ။
    လူက ပိန်ပြီး ဗိုက်က စူထွက်နေတော့ သိသာသွားတာပေါ့။ အင်္ကျီ ၀တ်တဲ့အခါမှာလည်း ဒီဗိုက်စူကြီးက သိပ်အကြည့်ရဆိုးတာလေ။ ဗိုက်စူရတဲ့ အကြောင်းရင်းတွေထဲမှာ ရေအသောက်များတာ၊ ဆီပြန်ဟင်းနဲ့ ဆီကြော်တွေ စားတာ၊ လှုပ်ရှားမှု နည်းပြီး အထိုင်များတာ၊ မလိုင်ပါတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း အစားများတာတွေ ပါပါတယ်။ ဒီတော့ ကိုယ်က ဘယ်အချက်နဲ့သွားငြိနေသလဲဆိုတာ ကြည့်ပါ။ ပြီးရင် ဆင်ခြင်လို့ ရပြီလေ။ အရေးကြီးတာကတော့ ဗိုက်ချပ်စေမယ့် လေ့ကျင့်ခန်းတွေ လုပ်ပါ။ အခု ပေါ်နေတဲ့ ဗိုက်အဆီချ လိမ်းဆေး လိမ်းပြီး နှိပ်ပေးနိုင်သလို ဗိုက်အဆီချ ခါးပတ်ပတ်ပြီး တုန်ခါပေးတာနဲ့ အပူပေးပြီး အဆီချတာမျိုးလည်း လုပ်လို့ ရပါတယ်။ တချို့ အလှပြင်ဆိုင်တွေ၊ ဆေးခန်းတွေမှာ ဗိုက်အဆီချပေးတာလည်း ရှိတော့ အဲဒီဆိုင်တွေမှာလည်း စနစ်တကျနဲ့ ဆေးလိမ်းနှိပ်နယ် (လက်/စက်နဲ့) တာမျိုး လုပ်နိုင်ပါတယ်။ သရဖူ စာအုပ်ထဲမှာလည်း အဲဒီအဆီချပေးတဲ့ ဆိုင်ကြော်ငြာတွေ ပါတာမို့ရှာကြည့်နိုင်ပါတယ်နော်။

    ReplyDelete
  9. ပိန်အောင်ကြိုးစားနေတာချင်းတူသွားပြီ.. ညီမက ၁၃ကီလိုလောက်တောင် ချရမှာ.. ဟူး.. မောပါ့

    ReplyDelete